
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ တောင်ပိုင်းကျေးရွာ၌ (၁၂-၈-၂၀၁၈)နေ့ (၁၅:၀၀)အချိန်ခန့်တွင် ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာပြီး အဆိုပါဒီရေ၏အရှိန်ကြောင့် ပင်လယ်ကမ်းစပ်အနီးတွင်ရှိသော လူနေအိမ် (၃၇)လုံး ပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု(၃၇)စုမှ လူဦးရေ(၁၈၈)ဦးတို့ကို ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွှေ့ ပေးထားပါသည်။ အဆိုပါ နေအိမ် (၃၇)လုံးအတွက် အိမ်(၁)လုံးလျှင်(၁)သိန်းနှုန်းဖြင့် (၃၇)သိန်း အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများ စုစုပေါင်း (၅,၂၉၁,၈၆၁/-) (ကျပ်ငါးဆယ့်နှစ်သိန်းကိုးသောင်းတစ်ထောင်ရှစ်ရာခြောက်ဆယ့်တစ်တိတိ)အား (၁၃-၈-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လိုအပ်သည်များဆက်လက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_aug2018
Source: DDM