ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

14 Pic 02 14 Pic 03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ အောက်ကျင်း ကျေးရွာ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် မိုးသည်ထန်စွာရွာသွန်းပြီး မြစ်ရေကြီး လှိုင်းပုတ်ခတ်မှုကြောင့် ရေဘေးသင့်ခဲ့ သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-)ကျပ်၊ သုခကာရီ ကမ်းသာယာ ဘုန်းတော်ကြီးကျောင်း အုတ်ကြွပ်အကာအချပ် (၅၀) ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် အခြားဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့သီတင်းသုံးနေထိုင်ရသော သံဃာ (၂) ပါးအတွက် သင်္ကန်း (၂) စုံစာ ထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်တို့အား (၁၃-၈-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#tny_aug2018

Sign Up

Upcoming Events