ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ထူးကဲဒီရေတက်မှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့တွင် ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၃) ရပ်ကွက် မြစ်ကမ်းပါးရှိ လူနေအိမ်အချို့တွင် ရေများဝင်ရောက်သဖြင့် အိမ်ထောင် စု (၇၉) စုမှ လူဦးရေ (၃၄၀) ဦးတို့ရေဘေးသင့်ခဲ့သောကြောင့် ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ထားရှိသဖြင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၁၄,၀၀၀/-) ကျပ်အား (၁၃-၈-၂၀၁၈) ရက်နေ့တွင် မြို့နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#ygn_aug2018

Sign Up

Upcoming Events