Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့ က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ သြဂုတ် ၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Plan International အဖွဲ့အစည်းအနေဖြင့် ဝန်ကြီးဌာနရှိ ဘေးအန္တရယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်နေမှုကိစ္စများ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားရှိပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ၊ ကလေးသူငယ်များအား အကြမ်းဖက်မှုမှ … Read more
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားသော ရေဘေးသင့်ပြည်သူများအတွက် ဓမ္မဆရာဘိက္ခုမိသားစုဝင်များကောင်းမှု(ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်)မှ အလှူငွေကျပ် (၂,၂၀၀,၀၀၀/-)နှင့် ယာဉ်-ဝယ်ရောင်းအကျိုးဆောင်များ၏လူမှုရေးအသင်းအဖွဲ့(ရန်ကုန်)မှ အလှူငွေကျပ်(၃,၀၀၀,၀၀၀ိ/-) စုစုပေါင်းအလှူငွေကျပ် (၅,၂၀၀,၀၀၀ိ/-)တို့အား လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_aug2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ဆယ်ရွာကျေးရွာအုပ်စု၊ ဆယ်ရွာေကျေးရွာ ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၃)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့၍ အိမ်ထောင်စု (၇)စုမှ လူဦးရေ(၂၃)ဦး လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၆၅၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၄၈၃၀၀ိ/-)ကျပ်၊စုစုပေါင်း (၆၉၈၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၇)အိမ်ထောင်စုစာအား (၆.၈.၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ha_sgw #ygn_aug2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အုပ်ရှစ်ချို ကျေးရွာအုပ်စု၊ ရွှေတောကျေးရွာတွင် (၃.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းချောင်းရေတိုက်စားမှု ကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၂)စု၊ လူဦးရေ စုစုပေါင်း(၇)ဦး ဘေးသင့် ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်နှင့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၄၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထာင်စာတို့အား (၆.၈.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ရွှေတောကျေးရွာ အုပ်ချုပ်ရေးမှူး လက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
-
ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆက်လက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ARSA အကြမ်းဖက်ဖြစ်စဉ် ကြောင့် မောင်တောမြို့နယ်၊ ကျေးရွာများမှ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းဝင်းတွင် နေရပ်စွန့်ခွာ ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၆၈)ဦးအတွက် ဆန်ရိက္ခာ (၁)လစာဖိုး ဆန်(၂၁)အိတ်၊ (၆)ပြည် (တန်ဖိုး-၆၁၂၀၀၀ိ/-)၊ ဆီ(၁)ပိဿာလျှင် (၃၂၀၀ိ/-)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁)စုစာ ဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၂၁)စုအတွက် (၁၀.၅)ပိဿာ (တန်ဖိုး-၃၃၆၀၀ိ/-)ကျပ်၊ ပဲ(၁) ပိဿာလျှင် (၂၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၂၁)စုအတွက် (၁၀.၅)ပိဿာ … Read more
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀) မှ (၁၂း၃၀) နာရီအချိန်ထိ ဒက္ခိဏသီရိ မြို့နယ်၊ ရွာမကျေးရွာအုပ်စု (အ.ထ.က-၁၉)တွင် ကျောင်းသား ကျောင်းသူ (၄၀၀)ဦးတို့အား ငလျင်ဘေးအသိပညာပေးဟောပြောပွဲခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၈)ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီထိ မိုးမိတ်မြို့နယ်၊ ညောင်ပင်စောက်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2018 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၈)ရက်နေ့၊ (၁၃း၀၀)နာရီမှ (၁၄း၅၀)နာရီထိ မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာဘုန်းတော်ကြီးကျောင်း၌ လူဦးရေ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_aug2018 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၈.၂၀၁၈)ရက်နေ့တွင် ကသာမြို့နယ်အခြေခံပညာမူလွန်ကျောင်း၊ မက်လင်ချောင်ကျေးရွာ၌ ကျောင်းသား၊ ကျောင်းသူ (၈၉)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ သင်္ကန်းလေး ကျေးရွာ၌ (၄-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၈,၄၀၀ိ/-) ကျပ်တို့အား လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ (၅-၈-၂၀၁၈) … Read more









