မုန်တိုင်းငယ်သတင်း

267E81EC-C276-413C-921C-409C1B39E385
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
——————————————————————————–
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁)၊၂၀၁၈
မုန်တိုင်းငယ်အခြေအနေ
——————————————————————————–
(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression)တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေကို ဘူဘမ်နဆွာမြို့(Bhubaneswar)အနီးမှ ဖြတ်ကျော်ဝင် ရောက်လျက်ရှိပါသည်။

(ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

————————————————————————————-
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
————————————————————————————-
(က) အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၀.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။
န်း
————————————————————————————-
နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
——————————————————————————–
(က) အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရ ပါသည်။
————————————————————————————-
သတိပေးနှိုးဆော်ချက်
——————————————————————————–
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
————————————————————————————-
အကြံပြုချက်
——————————————————————————–
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတွင်နေထိုင်ကြသူများအနေဖြင့် မိုးလေဝသသတင်းထုတ်ပြန်ချက်များကိုအမြဲမပြတ်နားထောင်ခြင်း၊ မိမိတို့၏ အရေးကြီးပစ္စည်းများကိုကြိုတင်စုစည်းထားခြင်း၊ အရေးပေါ်အကူအညီလိုအပ်ပါက Hot Line 0673 404666/ 0673 404777 တို့သို့ဆက်သွယ်အကြောင်းကြားခြင်း၊သက်ဆိုင်ရာအစိုးရနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နေရာကြိုတင်ပြောင်းရွှေ့ခြင်း၊ သတ်မှတ်ထားသည့် ရေဘေးလွတ်ကင်းရာနေရာများသို့ သွားရောက်နေထိုင်ခြင်းတို့ကိုဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events