လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၈.၂၀၁၈)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ရေကြီးပြီး လှိုင်းပုတ်ခတ်မှုကြောင့် ရေဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁)အိမ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ် အဆိုပါအိမ်ထောင်စု (၁)စုမှ ဘေးသင့်လူဦးရေ (၈)ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၁၆,၈၀၀/-) စုစုပေါင်းငွေကျပ် (၁၁၆,၈၀၀/-)ကျပ် နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးစီတို့အား (၁၅.၈.၂၀၁၈) ရက်နေ့ (၁၁း၃၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_fld
#tny_aug2018
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)