သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးရေးခေါင်စဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်မှုသတင်း

15_Pic_01 15_Pic_02 15_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သောသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေးခေါင်စဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အစီအစဉ်အား (၁၅-၈-၂၀၁၈)ရက်နေ့ နေ့လည်(၁၁း၀၀)အချိန်တွင် မြောက်ဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမှ အဖွင့် မိန့်ခွန်းအားလည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားအားလည်းကောင်း ခရိုင်ပြန်/ဆက်ဦးစီးမှူးမှ ပြည်သူ့စကားဝိုင်း ကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်ခရိုင်ဘေးစီမံဦးစီးမှူး မြို့နယ်မီးသတ်ဦးစီးမှူးမြို့နယ် သစ်တောဦးစီးမှူးနှင့်မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးမှူးတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ မေးမြန်းဆွေးနွေးချက်များ အပေါ်သက်ဆိုင်ရာဌာနအကြီးအကဲများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ အဆိုပါ ပြည်သူ့စကားဝိုင်း (Public Talk)အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုစုပေါင်းအင်အား (၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#ar
#rke_aug2018
Source:    မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events