လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာနှင့် ညောပြင် ကျေးရွာ တို့၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေမြင့်တက်၍ လှိုင်းပုတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၆) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၁၆၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅၀,၇၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် လောင်းလုံးထွေအုပ်ရုံးမှ တစ်ဆင့် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha-fld
#tny_aug2018