လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေမြင့်တက်၍ လှိုင်းပုတ်မှုကြောင့် ပင်လယ်ကမ်းစပ်နေ ရေဘေးသင့် ပြည်သူ (၁၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၈၂၀၀/-)ကျပ်၊ ဘေးသင့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ တို့အား (၁၅-၈-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha-fld
#tny_aug2018