မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော် ၊ သြဂုတ်လ ၁၅ ရက်
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသား စုများက အလှူငွေကျပ် (၁၄၇) သိန်းကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကလည်းကောင်း၊ မန္တလေးမြို့ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) က အလှူငွေကျပ် (၂၀၄) သိန်းကို မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဥက္ကဌ၊ ဦးသက်တင်ဦးဆောင်သော အဖွဲ့ကလည်းကောင်း၊ သက်ကြီးရွယ်အို ကျန်းမာရေး ကူညီစောင့်ရှောက်ထောက်ပံ့ရေး-ဝန်ဇင်းမေတ္တာရှင်အဖွဲ့၊ (မိတ္ထီလာမြို့) က ငွေကျပ်(၄၀,၂၀၀/-) တန်ဖိုးရှိ ခေါက်ဆွဲခြောက် (၁၂၀) ထုပ်၊ သောက်ရေသန့် (၇၈) ဘူးနှင့် အလှူငွေကျပ် (၅၂၃,၀၀၀/-) ကို သက်ကြီးရွယ်အို ကျန်းမာရေးကူညီစောင့်ရှောက်ထောက်ပံ့ရေး-ဝန်ဇင်းမေတ္တာရှင်အဖွဲ့ဥက္ကဌဦးအုန်းမောင်ကလည်းကောင်း ယနေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြု မှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#hl1
#npw_aug2018

Sign Up

Upcoming Events