
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် လှည်းကူးမြို့နယ်၊ ဒါးပိန်ရွာမိုးကြိုးဘေးထောက်ပံ့မှု (၈.၈.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူး မြို့နယ်၊ ဒါးပိန်(မြောက်)ကျေးရွာအုပ်စု၊ ဘုရားကွင်းကျေး ရွာနေဦးခင်ကြိုင်၊ အသက်(၄၈)နှစ်သည် ၎င်းပိုင်နွား(၁)ကောင်အားဆွဲ၍ နေအိမ် သို့ပြန်လာ စဉ်ဒါးပိန်(တောင်)ကျေးရွာအုပ်စု၊ သုသာန်အနီးတွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသဖြင့်၊ (၁၅.၈.၂၀၁၈)ရက်နေ့တွင် ကျန်ရစ်သူ မိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ygn_aug2018
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)