Category Archives: News
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှင့် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း
နေပြည်တော် ၊ သြဂုတ်လ ၁၃ ရက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ National Humanitarian Fundraising For Myanmar(NHFMM)က အလှူငွေ အမေရိကန် ဒေါ်လာ(၂၀,၀၀၀)နှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းမိသားစုများနှင့် ထိုင်းနိုင်ငံရောက်စေတနာရှင် မြန်မာလုပ်ငန်းရှင်အချို့က အလှူငွေထိုင်းဘတ်(၇၄၂,၀၀၀)ကို အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင်ကလည်းကောင်း၊ ချယ်ရီမေတ္တာဖောင်ဒေးရှင်းက အလှူငွေ ကျပ်(၁၅၀)သိန်းကို ဒုတိယဥက္ကဌ၊ ဦးစိုးထွန်းဇော်ကလည်းကောင်း၊ … Read more
-
ဘီးလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာတို့၌ (၂၃-၇-၂၀၁၈) ရက်နေ့မှ (၃၁-၇-၂၀၁၈) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေဝင်ရောက်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၃) လုံးအတွက် ထောက်ပံ့ အလှူငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၉၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၉၃,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၈)နေ့တွင် (၁၀း၀၀)မှ (၁၂း၀၀)နာရီအချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ တောင်ဝိုင်းကြီးဘုရားဝန်းအတွင်း၌ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ရှိလူဦးရေ (၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လှိုင်မြစ်ရေမြင့်တက်မှုကြောင့် ကစင်ကျေးရွာအုပ်စု၊ လှိုင်မြစ်ဘေးကန်ဘောင်နားရှိ နေအိမ်များအတွက် ဆန်ရိက္ခာဖိုး ငွေများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့၊ (၁၈း၄၅) နာရီချိန်တွင် လှိုင်မြစ်ရေ မြင့်တက်မှုကြောင့် လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာအုပ်စု၊ လှိုင်မြစ်ဘေးကန်ဘောင်နားရှိ နေအိမ်များတွင် ရေများဝင်ရောက်ခဲ့သဖြင့် ကစင်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိခဲ့ပြီး (၁၃-၈-၂၀၁၈) ရက်နေ့ထိ အိမ်ထောင်စု (၇၄) စုမှ လူဦးရေ (၃၄၄) ဦးရေဘေးသင့်ခဲ့သဖြင့် (၁၃-၈-၂၀၁၈) ရက်နေ့ တွင် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၂၂,၄၀၀/-) ကျပ်အား ဘေးသင့်ပြည်သူများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊လှိုင်သာယာမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကောင်အထည်ဖော်ဆောင်သောလုပ်ငန်းများတွင် ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
=============================================== ၁၃-၈-၂၀၁၈၊ နေပြည်တော် ——————————— ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပခဲ့ရာ ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးက အဆင့်မြင့်အရာရှိများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူများ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ် ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံ (၃) ရက်သင်တန်းကို ဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် MPP တာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်ပြောကြားခဲ့ပြီး သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_aug2018
-
အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး လက်တွေ့အသုံးချသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဟိုတယ်မန္တလေး၌ (၁၃-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး လက်တွေ့အသုံးချသင်တန်း (Practical Emergency Logistics Training) ကိုဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး WFP မှ Head of Supply Chain ဖြစ်သူ Mr. Jean Luc Kohler က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာအုပ်စု၊ ပုဇွန်ဖေကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၁၂-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးက မိုးကြိုးဘေးအပါအဝင် သဘာဝဘေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးမှူးက ကြိုတင်သတိပေးစနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၀၅) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက် လာသူများအားဘေး (၈) … Read more
-
ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့၊ (၁၁း၁၅) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စည်ပင်သာယာရပ်ကွက် ဒေါ်နုနုငယ် ပညာရိပ်ဘော်ဒါဆောင်ခန်းမ၌ ကျောင်းသား/သူ (၃၀၅) ဦးအား ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mgy_aug2018
-
လှေမှောက်ကာ ရေစီးနှင့် မျောပါသေဆုံးသူတစ်ဦးအတွက် နာရေးထောက်ပံ့ငွေ ပေးအပ်မှုသတင်း
=================================================== Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== (၃၀-၇-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြိတ်ထားဝယ်ကားလမ်းမ၌ ရေကျော်နေခိုက် စက်လှေဖြင့် ဖြတ်ကူးစဉ် လှေမှောက်ကာ ရေစီးနှင့် မျောပါသေဆုံးသွားခဲ့သော သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ မောင်ရှိုင်းထက်အောင်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နာရေးထောက်ပံ့ငွေ (၃) သိန်းကျပ်ကို (၈-၈-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ မိခင်ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။









