သုံးခွမြို့နယ်၊ ဇွဲထော်ကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာနှင့် ထုံးကြီးကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

23 Pic 02

23 Pic 03

================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သုံးခွမြို့နယ်၊ ဇွဲထော်ကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာနှင့် ထုံးကြီးကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာတို့၌ (၂၀-၈-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၃) လုံး၊ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁၄)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၅၀၀၀၀ိ/-)၊ အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၂၆၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၇၆၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၇)အိမ်ထောင်စုစာအား (၂၃-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events