သနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာအုပ်စု၊ ကုက္ကိုလ်ကျေးရွာနှင့် ရွှေအိုးကျေးရွာအုပ်စု၊ ရွှေအိုးကျေးရွာ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာအုပ်စု၊ ကုက္ကိုလ်ကျေးရွာနှင့် ရွှေအိုးကျေးရွာအုပ်စု၊ ရွှေအိုးကျေးရွာတို့၌ (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျောပါနေအိမ်(၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၅,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၆၅,၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၇) အိမ်ထောင်စာတို့အား (၂၃-၈-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#bgo_aug2018

Sign Up

Upcoming Events