================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာ၊ ရေပေါ်သောင်ကျေးရွာအုပ်စု ရေပေါ်သောင်ကျေးရွာနှင့် အဖျောက်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာများ၌ (၁၈-၈-၂၀၁၈) ရက်နေ့မှ (၂၀-၈-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂၅)လုံး၊ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၉၉၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂၅) အိမ်ထောင်စုစာတို့အားလည်းကောင်း၊
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက်(၄)ရပ်ကွက် ၊ ပန်းတုန်းပိတ်ကျေးရွာ၌ (၂၀-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အမိုးလန်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၃) လုံး၊ စုစုပေါင်းအိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂၉၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄)အိမ်ထောင်စုစာတို့အား လည်းကောင်း၊
(၂၂-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။