သြဂုတ်လ၊ ၂၃၊ နေပြည်တော်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့သည် ၂၀၁၅/၂၀၁၆ ခုနှစ်များတွင် ရေဘေးဒဏ်ခံစားခဲ့ရသော မြို့နယ် တစ်ခုဖြစ်ပြီးအစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများဖြင့် ကြိုတင် ကာကွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ရေဘေးဒဏ်မခံစားရသော်လည်း ယခုနှစ် ရေဘေးဒဏ်ခံစားရသော အခြားဒေသများရှိ ပြည်သူများ အတွက် စာနာစိတ်ဖြင့် ကောလင်းမြို့သူ မြို့သားများ စုပေါင်းထည့်ဝင်သော အလှူငွေ (ကျပ်-တစ်ရာ ငါးဆယ့် လေးသိန်း နှစ်ထောင့်ရှစ်ရာ)ကို ကောလင်းမြို့သူ/မြို့သားများကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်နှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေး အပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_aug2018