သြဂုတ် ၂၂၊ မြိတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ လေးကျွန်း ဆီမီးစေတီတော်ကြီးကို သွားရောက် ဖူးမျှော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်ခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်း၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းသို့ ရောက်ရှိပြီး နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ထားသော အမျိုးသမီးများနှင့် ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ သင်ကြားပေးနေသည့် ပညာရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်း၏ လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းတွင် နိုင်ငံတော်က တာဝန် ယူစောင့်ရှောက်ထားသော အမျိုးသမီး (၅၈) ဦးရှိပြီး အသက်အရွယ်အလိုက် ကျောင်းပညာသင်ကြားပေးခြင်း၊ “အ” သုံးလုံးသင်ကြားပေးခြင်း အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေး ခြင်းနှင့် မိသားစုပြန်လည် ပေါင်းစည်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
#hl1
#tny_aug2018