မြောင်းမြမြို့နယ်၊ ကံချောင်သရောဘုန်းကျေးရွာအုပ်စု၊ ကံချောင်ကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူတစ်ဦး၏ မိသားစုထံ ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

23 Pic 01

================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကံချောင်သရောဘုန်းကျေးရွာအုပ်စု၊ ကံချောင်ကျေးရွာ၌ (၂၁-၈-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သည့် လူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်အား မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၂၃-၈-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events