ရခိုင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေး ပွဲပြုလုပ်မှုသတင်း

23_Pic_01 23_Pic_02 23_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်း၍ (၂၃-၈-၂၀၁၈)ရက် (၀၉း၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တခန်းမ၌ ရခိုင် ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ကျင်းပခဲ့ရာ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာချမ်းသာမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ပြည်နယ်ဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်မှန်းချက်များအား ရှင်းလင်းပြော ကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဝင်များ၊ ခရိုင်အဆင့်သဘာဝဘေးစီမံခန့်ခွဲ မှုကော်မတီ ဥက္ကဌများ၊ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌများ၊ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်း (၇၅)ဦး တက်ရောက် ခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲအား (၂၃-၈-၂၀၁၈)ရက်နေ့မှ (၂၄-၈-၂၀၁၈)ရက်ထိ (၂)ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ar
#rke_aug2018
Source:   ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events