Category Archives: News
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ကျွန်း ကြီးကျေးရွာ၊ ကုန်းပြင်အုပ်စု၊ ကြို့ပင်စုကျေးရွာ၊ ကံဘက်အုပ်စု၊ လေးအိမ်တန်းကျေးရွာ၊ မေတ္တာကုန်းအုပ်စု၊ ဂုံးစုကျေးရွာတို့တွင် (၁၉-၈-၂၀၁၈)ရက်နေ့နှင့် (၂၀-၈-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၄၃) စု၊ လူဦးရေ (၁၇၈) ဦးတို့အတွက်(၇၉၅,၉၃၀/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၄၃) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၂၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၇၃,၈၀၀/-) ကျပ်၊စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ … Read more
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း ကျေးရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုမဖြစ်ခင် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၁-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၁၅) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_aug2018
-
ဖျာပုံမြို့နယ်၊ အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ ပင်လယ်ဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ (၁၄-၈-၂၀၁၈) ရက်နေ့တွင် ပင်လယ်ဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၁)သိန်းနှုန်းဖြင့် (၁၁၀၀၀၀၀ိ/-)၊ လူဦးရေ (၅၉) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၁၂၃၉၀၀ိ/-) … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၈)ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စုနှင့် ကျိုက္ကလပ်ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့ သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁၆)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၁)မျိုး (၁၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၂၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၉၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၉၃၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၁၃၂၀၀/-)ကျပ်တို့အား (၂၁-၈-၂၀၁၈)ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ကုန်းကျေးရွာ၌ မိုးကြိုးထိမှန်သေဆုံးသူ၏ ကျန်ရစ်သူဇနီးဖြစ်သူထံ ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
================================================ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ကုန်းကျေးရွာ၌ (၁၈-၈-၂၀၁၈) ရက်နေ့၊ (၁၈း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သူ ဦးဌေးအောင် [အသက်(၅၀)နှစ်]၏ ကျန်ရစ်သူဇနီးဖြစ်သူ ဒေါ်နုနုရီ ထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) အား (၂၀-၈-၂၀၁၈) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာ၌ (၂၀-၈-၂၀၁၈) ရက်နေ့ (၁၀း၁၅) နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ နေအိမ်(၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/- ) စုစုပေါင်း ထောက်ပံ့ငွေ … Read more
-
ရေဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့မှ ဦးဆောင်၍ ရေဘေးသင့်ဒေသများတွင် ထိရောက်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်
၂၀-၈-၂၀၁၈၊ နေပြည်တော် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ (၂:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပပါသည်။ အစည်းအဝေးတွင် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်း မှုအဖွဲ့ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့၌ အများဆုံးဖြစ်ခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်ထိရောက် စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်၊ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်ချက်များအပေါ်ပြန်လည်သုံးသပ်ပြီးဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် … Read more
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော်၊ သြဂုတ် ၂၀ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် ရန်ကုန်၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ၁၉၇၄ ခုနှစ် ဘူမိဗေဒဘွဲ့ရသူများအဖွဲ့က အလှူငွေကျပ် သိန်း (၄၀) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_aug2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀ – ၈ – ၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၀၀)နာရီ အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာ အ.ထ.က (ခွဲ) ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေး နွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊/ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေး ခြင်းများ၊ မုန့်များဖြန့်ဝေပေးခြင်း သဘာဝဘေးဖြစ်ပွားမှုဗီဒီယိုပြသပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ စုစုပေါင်း (၂၀၀) … Read more
-
စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်း ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၃) ရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့ တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၀၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၂၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၂၃) စုစာတို့အားလည်းကောင်း၊ ဆက်လက်၍ ပွင့်ဖြူမြိုနယ်၊ ဆည်မုန်းကျေးရွာ၌ (၁၉-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် … Read more









