
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပေါ်ခဲ့သည့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာ တွင် လူနေအိမ်(၁၃)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စု၊ ဘေးသင့်လူဦးရေ(၅၁)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၇၁၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၁၄၀၇၁၀၀/-)(ကျပ်တစ်ဆယ့်လေးသိန်းခုနှစ်ထောင့်တစ်ရာတိတိ)အား (၁-၉-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးရဲထွဋ်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_sep2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)