
(၃၁-၈-၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်သံအမတ်ကြီး(ငြိမ်း) ဦးညွန့်မောင်ရှိန်ဦးဆောင်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ငွေကျပ် (၁၁,၀၀,၀၀၀/-) အားလည်းကောင်း၊ Lotte Hotel & Resort Yangon မှ Human Resource Director ဒေါ်လှလှဌေး ဦးဆောင်သောဝန်ထမ်းများမှ ငွေကျပ် (၃၇,၇၅,၀၀၀/-)အား လည်းကောင်း လာ ရောက်လှူဒါန်းရာ တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#ygn_aug2018
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)