
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၀.၈.၂၀၁၈)ရက်နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ်(၁)ရပ်ကွက်နှင့် ပိတပ်ကျေးရွာလေဘေးတွင် လေဘေးသင့်ခဲ့ သော အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ဖိုး (၈၆၁၀၀/-)ကျပ်၊ ပြိုလဲအိမ်နှင့် အမိုးလန်အိမ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၆၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၁)စုနှင့် (၁၀)မျိုး (၅)စုစာ၊ အမိုးလန်ဘုန်းကြီးကျောင်းတွက် ထောက်ပံ့ငွေ (၉၈၀၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_aug2018
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)