
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၂၁.၇.၂၀၁၈)ရက်နေ့နှင့် (၂၂.၇.၂၀၁၈) ရက်နေ့တို့တွင် တောင်ကျ ချောင်း ရေတိုးဝင်မှုကြောင့် မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာရှိ နေအိမ်မျောပါပျက်စီးသွား သောအိမ်ထောင်စု(၂)စုအတွက် (၃၁.၈.၂၀၁၈)ရက်နေ့ ညနေ(၁၅း၀၀) နာရီတွင် ကော့ကော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကော့ကော်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့်အတူ (၁)အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်နှုန်းဖြင့် မျောပါပျက်စီးသွားသော နေအိမ်(၂)အိမ်စာ စုစုပေါင်း(၄၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#ha_fld
#krn_2018
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)