လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရွှေ့ပြောင်းသွား လာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောကိစ္စရပ်များ၊ IOM မှ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရခိုင် ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အသိုက်အဝန်းနှစ်ခုအကြား လူမှုသဟဇာတ ဖော်ဆောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၊ UEHRD နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီများ၏ နောက်ဆုံး ဆောင်ရွက်ချက် အခြေ အနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ လူကုန်ကူးမှုကာကွယ်ရေး၊ ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး IOM မှ တင်ပြလာသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ပြည်သူ လူထုအခြေပြု သဘာဝဘေးအန္တရာယ်ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေး၊ လူမှုသဟဇာတမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်မည့်စီမံချက် အဆိုပြုလွှာအတွက် ဒေသနေပြည်သူလူထုအသိုက်အဝန်းနှစ်ခုလုံးနှင့် ဆွေးနွေး၍ အမှန်တကယ် လိုအပ်ချက်များကို ရှာဖွေရန်၊ သက်ဆိုင်ရာ ဒေသန္တရ အစိုးရ၊ ပြည်နယ်အစိုးရတို့နှင့် ဆွေးနွေး ညှိနှိုင်းရန်၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။
ဆက်လက်၍ မြင်းခြံဒီဂရီကောလိပ်၊ ပါမောက္ခဌာနမှူး၊ ဒေါက်တာကြည်ကြည်သိန်း ဦးဆောင်သော ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များသည် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် ရေဘေးသင့်ပြည် သူများအတွက် အလှူငွေကျပ် (၂၃၀၀,၀၀၀ိ/-) (ကျပ်နှစ်ဆယ့်သုံးသိန်းတိတိ)ကို နံနက်(၁၀း၃၀)နာရီတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#hl1
#npw_aug2018
Source: MSWRR