ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

1_Pic_01 1_Pic_02 1_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၈.၂၀၁၈)ရက်နေ့နှင့် (၃၁.၈.၂၀၁၈)နေ့တို့တွင် လယ်ဝေးမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်းရေ မြင့်တက်လာမှုကြောင့် လယ်တာကြီးကျေးရွာအုပ်စု၊ ချောင်းမငယ်ကျေးရွာရှိ လူနေအိမ် (၄)လုံးအား ကမ်းပါးပြို ကျမှုမှ ကာကွယ်ရန်ကြိုတင်ပြောင်းရွှေ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၃၃၆၀၀/-)ကျပ်နှင့် (၇၄၆၄၀/-)ကျပ် တန်ဖိုးငွေရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄)အိမ်ထောင်စာတို့ အား (၃၁.၈.၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ များလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ဲကြောင်း သတင်းရရှိပါသည်။

#ha_rbe
#npw_2018
Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events