Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်း(မ)ကျေးရွာတွင် (၂၂-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ယောချောင်းရေတိုက်စား ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်း (၄၃၃၆၀၀/-)ကျပ်တို့အား (၂၃-၈-၂၀၁၈)ရက်နေ့တွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်သန်း၊ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ညောင်ဝန်း(မ)ကျေးရွာ၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_rbe #mgy_aug2018 … Read more
-
စာသင်ကျောင်းအခြေပြု သဘာဝဘေးလျော့ပါးရေးသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Lutheran World Federation (LWF) အဖွဲ့ အစည်းနှင့်ပူးပေါင်း၍ စာသင်ကျောင်းအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်း(School Based Disater Risk Reduction Training) အား (၁၃-၈-၂၀၁၈) ရက်နေ့မှ (၁၄-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာ၌လည်းကောင်း (၁၆-၈-၂၀၁၈) ရက်နေ့မှ(၁၇-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ် ရုပ်ချောင်းကျေးရွာ၌လည်းကောင်း (၂၀-၈-၂၀၁၈) ရက်နေ့မှ (၂၁-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ်ချောင်းနားကျေးရွာ၌လည်းကောင်း ဖွင့်လှစ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာသင်ကျောင်းကော်မတီဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ … Read more
-
ကျောက်ပန်းတောင်းမြို့နယ်၊ အထက မြို့ရှေ့ ကျောင်းနှင့် အထက လက်ပံပင်ရွာ ကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၈) ရက်နေ့၊ (၀၉:၀၀~၁၀:၃၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အထက မြို့ရှေ့ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀၀) ဦးတို့အား လည်းကောင်း၊ အထက လက်ပံပင်ရွာ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆၀) ဦးတို့အား (၁၂:၄၅~၁၄:၃၀) နာရီထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး … Read more
-
ရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ (၂၂-၈-၂၀၁၈) ရက်နေ့တွင် တောင်ညိုချောင်း၏ ချောင်းဘောင် (၂၅) ပေခန့် ကျိုးပေါက်ခဲ့သဖြင့် တာပွန်မြို့ မြောက်ပိုင်း ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်ရှိ ရေဝငင်ပြောင်းရွှေ့အိမ်ထောင်စု (၁၁၀) စုမှ လူဦးရေ (၃၅၅) ဦးအတွက် တစ်ဦး လျှင် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၂,၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၇၄၅,၅၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာအုပ်စု လက်ဝဲကုန်းကျေးရွာ၌ ကျေးရွာအဆင့်ဘေးအန္တရာယ်လျော့ချရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA (Myanmar) လူမှုဖွံ့ဖြိုးရေးနှင့် ကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၂-၈-၂၀၁၈) ရက်နေ့တွင် စီမံချက်ကျေးရွာဖြစ်သည့် ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာအုပ်စု လက်ဝဲကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ (၃၀) ဦးတို့အား ကျေးရွာအဆင့်ဘေးအန္တရာယ်လျော့ချရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ အန္တားကျေးရွာနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(အန္တား)တို့၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
================================================ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA (Myanmar) လူမှုဖွံ့ဖြိုးရေးနှင့် ကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၃-၈-၂၀၁၈) ရက်နေ့တွင် စီမံချက်ကျေးရွာဖြစ်သည့် ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ အန္တားကျေးရွာ၌ ကျေးရွာနေပြည်သူ (၂၀) ဦးနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(အန္တား)၌ ကျောင်းသား/သူ(၇၂)ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရေစကြိုမြို့နယ်၊ ဇယမကျေးရွာအုပ်စု ဇယမကျေးရွာနှင့် နတ်ညွှန်းကျေးရွာအုပ်စု နတ်ညွှန်းကျေးရွာတို့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဇယမကျေးရွာအုပ်စု ဇယမကျေးရွာနှင့် နတ်ညွှန်းကျေးရွာအုပ်စု နတ်ညွှန်းကျေးရွာတို့၌ (၂၃-၈-၂၀၁၈) ရက်နေ့၊ (၁၀း၁၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ်(၃) လုံး၊ အိမ်ထောင်စု(၃)စု လူဦးရေ(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၃၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ စုစုပေါင်း(၃၃၃၆၀၀ိ/-) အား (၂၃-၈-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ … Read more
-
ကျောက်မဲမြို့နယ်၊ အမက-၄ မူလွန်ကျောင်း ကျောင်းခန်းမ၌ ရေဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း
================================================ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်၊ အမက-၄ မူလွန်ကျောင်း ကျောင်းခန်းမ၌ ကျောင်းသား/သူ (၁၇၀) ဦးခန့်အား ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) ဆိုင်ရာ လုပ်ငန်းအစီအစဉ်များဖော်ဆောင်ရေး ဝန်ကြီးဌာနအဆင့် ညှိနှိုင်းဆွေးနွေး
သြဂုတ်လ၊ ၂၃၊ နေပြည်တော်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သာယာဝပြောမှုနှင့် မိတ်ဖက်ဖြစ်မှု၊ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော မဏ္ဍိုင်ကြီး (၃) ခုကို အခြေခံပြီး ရည်မှန်းချက် ပန်းတိုင် (၅) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ရည်မှန်းချက် ပန်းတိုင် (၅) ရပ်မှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့်ကောင်းမွန်သော အုပ်ချုပ်ရေး၊ စီးပွားရေးတည်ငြိမ်အားကောင်းလာရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက် ရေး၊ (၂၁) ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ … Read more
-
ရေဘေးသင့်ဒေသများရှိပြည်သူများအတွက် ကောလင်းမြို့သူ/မြို့သားများက အလှူငွေများပေးအပ်လှူဒါန်း
သြဂုတ်လ၊ ၂၃၊ နေပြည်တော်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့သည် ၂၀၁၅/၂၀၁၆ ခုနှစ်များတွင် ရေဘေးဒဏ်ခံစားခဲ့ရသော မြို့နယ် တစ်ခုဖြစ်ပြီးအစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများဖြင့် ကြိုတင် ကာကွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ရေဘေးဒဏ်မခံစားရသော်လည်း ယခုနှစ် ရေဘေးဒဏ်ခံစားရသော အခြားဒေသများရှိ ပြည်သူများ အတွက် စာနာစိတ်ဖြင့် ကောလင်းမြို့သူ မြို့သားများ စုပေါင်းထည့်ဝင်သော အလှူငွေ (ကျပ်-တစ်ရာ ငါးဆယ့် လေးသိန်း နှစ်ထောင့်ရှစ်ရာ)ကို ကောလင်းမြို့သူ/မြို့သားများကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်နှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ … Read more









