အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ (သဒ္ဒမ္မကျွန်းကျေးရွာ ကျွန်းကြီး ကျေးရွာနှင့် ရွှေပြည်သာကျေးရွာ) တို့၌ (၃၁-၈-၂၀၁၈) နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၁၀၇) ဦးတို့အတွက် (၄၆၂,၇၅၀/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၅၀၀,၀၀၀/-) ကျပ်နှင့်
ဆန်ရိက္ခာဖိုးငွေ (၂၂၄,၇၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၇၂၄,၇၀၀/-) ကျပ်တို့အား ( ၄-၉ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ayy_sep2018

Sign Up

Upcoming Events