ရေဘေးသင်‌့ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ အလှူငွေများပေးအပ်လှူဒါန်း

4 Pic 04

====================================================
နေပြည်တော် ၊ စက်တင်ဘာလ ၄ ရက်———————————–

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဘေးများကြောင့် ရေဘေးသင့် ပြည်သူများအတွက် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Hong Liang ဦးဆောင်သည့်အဖွဲ့က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၁)သိန်းကို စက်တင်ဘာလ (၄)ရက်နေ့ နံနက်(၁၀း၃၀) အချိန်တွင်လည်းကောင်း၊ နတ်မောက်ကွန်ရက်နှင့် နတ်မောက်မြို့နယ်အသင်း (နေပြည်တော်)က လှူဒါန်းငွေကျပ် (၇၂၀,၅ဝဝိ/-)ကို နံနက် (၁၀း၅၀)အချိန်တွင်လည်းကောင်း နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အသီးသီး လာရောက်ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်းနှင့် လက်ခံရရှိသောအလှူငွေများကို ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events