================================================
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ဆရာ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၁၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။