ရေဝင်ရောက်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

4 Pic 03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊

ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ (၂၉-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဝင်ရောက်မှုကြောင့် မျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊

(၃၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဝင်ရောက်မှုကြောင့် ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ ဘေးသင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၂,၆၀၀/-) ကျပ်အား (၃-၉-၂၀၁၈) ရက်နေ့တွင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်သည့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့သည့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#bgo_sep2018

Sign Up

Upcoming Events