လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျွန်းထိပ်နှင့် ကုလားစုကျေးရွာတို့၌ (၃၀-၈-၂၀၁၈) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့်နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄၀) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၈၄,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၈၄,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၀) အိမ်ထောင်စာတို့အား (၃-၉-၂၀၁၈) ရက်နေ့တွင် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mon_sep2018