လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာ၌ (၃၁-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂၇,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၃) စုစာတို့အား
(၄-၉-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mgy_Sep2018