Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆရာ/ ဆရာမ (၁၀) ဦး၊ ရပ်မိရပ်ဖ (၅၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၃၀) ဦး၊ စုစုပေါင်း (၁၉၀) ဦးတို့အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ နံရံကပ် ပိုစတာပေးအပ်ခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018
-
သာပေါင်းမြို့နယ်၊ ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု သဗြူငူကျေးရွာနှင့် သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု သင်္ကန်းပင်ဆိပ်ကျေးရွာ လေဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု သဗြူငူကျေးရွာနှင့် သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု သင်္ကန်းပင်ဆိပ်ကျေးရွာတို့၌ (၂၂-၈-၂၀၁၈) ရက်နေ့နှင့် (၂၈-၈-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးနှင့် ရေဘေးတို့ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စာ၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁)အိမ်ထောင်စာ၊ စုစုပေါင်း … Read more
-
ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာ၌ (၂၅-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂၇၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၇၀၀၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၉၇၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၃)အိမ်ထောင်စုစာ၊ ရေပုံးပြာ(၃)ပုံး၊ စောင်(၁၅)ထည်တို့အား … Read more
-
ရေနစ်သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီး/ ရေလျှံမှု များဖြစ်ပွားခဲ့ရာ အဆိုပါ ရေကြီးမှုကြောင့် ရေနစ်သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဘားအံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် သေဆုံးသူ (၁၄) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၄,၂၀၀,၀၀၀/-) ကျပ်တို့အား (၃၀-၈-၂၀၁၈) ရက်နေ့တွင် … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၃၀-၈-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာအုပ်စု၊ ရုပ်ဆိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၂၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ သက်ငယ်မုဒိန်း ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးတားဆီးကာကွယ်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018
-
ဟင်္သာတမြို့နယ်၊ ဘေးချောင်ကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ဘေးချောင်ကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာ၌ (၂၉-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၁) စု၊ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ နှင့် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်တို့အား ( ၃၀-၈ -၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီး ဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၂၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း (၁)ပေခန့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့ကာ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသည့် ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုသတင်း
သြဂုတ် ၂၉ ၊ နေပြည်တော် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စုရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ဘဲနှုတ် သီးကျိုးပဲ့ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ဆွာမြို့နှင့် အအနီးဝန်းကျင် ကျေးရွာအုပ်စု (၁၄) စု၊ အိမ်ထောင်စု (၁၂၀၀၀) ကျော်အတွင်း ရေများဝင်ရောက်လျက်ရှိကာ ပြည်သူများကို ဘေးလွတ်ကင်းရာနေရာများသို့ ပြောင်းရွှေ့ ခဲ့ရပြီး ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်လည်း ရေကျော်တက်မှုများရှိခဲ့ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် ဆွာမြို့သို့ရောက်ရှိခဲ့ပြီး မြို့တွင်းရေကြီးရေလျှံမှုအခြေအနေနှင့် ရန်ကုန်၊ မန္တလေးကားလမ်း ရေကျော်နေမှုအခြေအနေများကိုကြည့်ရှုပြီး အရေးပေါ်အသုံးပြုရန်အတွက် … Read more
-
တိုက်ကြီးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု အန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု ရေပေါ်သောင်ကျေးရွာ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာနှင့် အမှတ်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာတို့၌ (၂၂-၈-၂၀၁၈) ရက်နေ့မှ (၂၉-၈-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု အန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အိမ်ခြေ (၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ(၉၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၅,၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁,၉၃,၂၀၀ိ/-)၊စုစုပေါင်း ထောက်ပံ့ငွေ (၂,၆၉၃,၂၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂၅)အိမ်ထောင်စုစာ၊ ရေပုံးပြာ(၂၅)ပုံးအား … Read more
-
ပျဉ်မနားမြို့နယ်၊ ဇီးဖြူပင် အခြေခံပညာအလယ်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
================================================ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်ထိ ပျဉ်မနားမြို့နယ်၊ ဇီးဖြူပင် အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူ (၂၀၀) ဦး၊ ပျဉ်းမနားမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။









