စက်တင်ဘာ၊ ၉ ၊ နေပြည်တော်
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေတွင်ပါဝင်သည့် အချက်အလက်များကို ပြည်သူများအတွက် ပိုမိုထိရောက်သောစီမံခန့်ခွဲမှုဖြစ်စေရေးပြင်ဆင် ရေးသားရန် စိစစ်သုံးသပ်ဆွေးနွေး ခြင်းအလုပ်ရုံဆွေးနွေးပွဲအားဇူလိုင်လ (၈)ရက်မှ (၉)ရက်နေ့အထိနေပြည်တော်ရှိKempinski Hotel ၌ ကျင်းပရာဆွေးနွေးပွဲဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ ဘေးအန္တရာယ်ဟု ဆိုရာ တွင် သဘာ၀ဘေးအန္တရာယ်သာမက လူကြောင့်ဖြစ်သောဘေးများကိုလည်းထည့်သွင်းစဉ်းစားရမည်ဖြစ် ကြောင်း၊ ဥပဒေအမည်ကိုလဲကိုက်ညီအောင် ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန် တွင် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်သူများအနေဖြင့် ဆောင်ရန်/ရှောင်ရန် လုပ်ငန်းများကို သိရှိ လိုက်နာရန်လိုအပ်ကြောင်း၊ ဥပဒေကိုပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကိုပြုလုပ်ရာတွင် တည်မြဲ အမိန့် များကိုပါ ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေသည် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်သောဥပဒေဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်သူများကိုလည်း အကာအကွယ်ပေးရန် ဖြစ်ကြောင်း၊ ဥပဒေအတိုင်းလိုက်နာရမည်ဖြစ်ကြောင်း၊ဥပဒေဘောင်ကိုကျော်လွန်၍ ဆောင်ရွက်ပါကအရေးယူဆောင်ရွက် နိုင်ရန် ပြစ်မှုပြစ်ဒဏ်နှင့်ပတ်သက်၍ ရှင်းလင်းစွာထည့်သွင်းရေးဆွဲရန်လိုအပ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ များကိုပြင်ဆင်ရာတွင် ပြည်သူများ၏ ခံစားချက်များ၊ ပြည်သူ့ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ ဥပဒေအရလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေကို ပြည်သူ့ထံပြန်လည်ပေးအပ်ခြင်းဖြစ်သည်ကို သတိပြုရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ပိုင် အကျိုးအမြတ်၊ နိုင်ငံရေးအကျိုးအမြတ်အတွက် ဆောင်ရွက်ခြင်းမပြုရန် လိုအပ် ကြောင်း၊ နိုင်ငံတော်အစိုးရကဖော်ဆောင်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို ပံ့ပိုး ပေးနိုင်ရေးရေးဆွဲဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးကပြောကြားရာတွင် ဥပဒေများကိုနိုင်ငံတကာဥပဒေများနှင့်ချိန်ညှိ၍ ရေးဆွဲရမည် ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ရေးသားရာတွင် အများပြည်သူနားလည်နိုင်မည့် ရှင်းလင်းပြတ်သားသော အသုံး အနှုန်းများသုံးစွဲရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
ယနေ့ကျင်းပသော ဥပဒေ၊ နည်းဥပဒေများပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဦးစီးဌာနများမှ တာ၀န်ရှိသူများ၊ USAID/ USFS တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသဘာဝဘေး အန္တရာယ်လျော့ပါးရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၁) ဦးတက်ရောက်၍ ပါဝင်ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018