Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလာရောက်လှူဒါန်းမှုသတင်း
(၃၁-၈-၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်သံအမတ်ကြီး(ငြိမ်း) ဦးညွန့်မောင်ရှိန်ဦးဆောင်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ငွေကျပ် (၁၁,၀၀,၀၀၀/-) အားလည်းကောင်း၊ Lotte Hotel & Resort Yangon မှ Human Resource Director ဒေါ်လှလှဌေး ဦးဆောင်သောဝန်ထမ်းများမှ ငွေကျပ် (၃၇,၇၅,၀၀၀/-)အား လည်းကောင်း လာ ရောက်လှူဒါန်းရာ တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_aug2018 Source: … Read more
-
သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၂၇-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-) အား (၃၁-၈-၂၀၁၈) ရက်နေ့တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၁၈)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း ဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ဘိုကလေးမြို့ပေါ်ရှိ စေတနာ့ ဝန်ထမ်းလူငယ်များ၊ စုစုပေါင်းအင်အား (၁၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2018 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု(၁)စု၊ ရပ်ကွက်(၂)ခုတို့၌ (၂၆.၈.၂၀၁၈)ရက်နေ့ လေဘေးသင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁)အိမ်ထောင်စာ၊ လူ(၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၀၅၀၀/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂)လုံး အတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ(၁၇၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၀၅၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့ တွင် မင်းးလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source: … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၁၈)ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ နတ်ရေကန်ကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေး မှ ပြိုလဲနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်တို့အား (၃၀.၈.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ နင်းကြမ်း ကျေးရွာ၌ (၂၉-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ငွေ (၇၈,၉၀၀/-) ကျပ်အား ( ၃၀-၈ -၂၀၁၈) ရက်နေ့တွင် … Read more
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း လေဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု ဆင်ဒင်ကျေးရွာ၌ (၂၇-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အဆိုပါအိမ်ခြေရှိ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ဘိုး (၇) ရက်စာ ထောက်ပံ့ငွေကျပ် (၈၄၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာကိုလည်းကောင်း၊ မြိတ်ခရိုင်၊ … Read more
-
ဆွာတမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အားပေးထောက်ပံ့မှုသတင်း
သြဂုတ် ၃၀ ၊ နေပြည်တော် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့ကာရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား အားပေးထောက်ပံ့ မှုများပြုလုပ်ခဲ့ပါသည်။ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းမြေ့ဓမ္မဗိမ္မာန် ယာယီရေဘေးရှောင်စခန်းသို့ရောက်ရှိပြီး အားပေးစကားပြောကြား ရာတွင် ရေဘေးသင့်ဒဏ် ခံစားနေရသော ပြည်သူများအတွက် အစိုးရကတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူအားလုံး အခွင့် အရေးအညီအမျှ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လူဦးရေ (၁၉,၆၄၇)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၄၁,၂၅၈,၇၀၀)အား … Read more
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၈)ရက်နေ့(၁၃း၃၀)နာရီအချိန်တွင် မကွေးမြို့၊ အထက(၂)အစည်းအဝေးခန်းမ၌ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းကို တိုင်းဒေသကြီး ဦးစီးမှူးမှလည်းကောင်း၊ ငလျင်လှုပ်နေစဉ်ဘေးကင်းစွာနေထိုင်နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ အုပ်ချုပ်ရေးအရာရှိ ဦးညီညီဇေမှလည်းကောင်း ဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၄၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄း၀၀)နာရီအချိန်တွင် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူခြင်း၊ ဒဏ်ရာရကျောင်းသား/ကျောင်းသူများကိုရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား ညွှန်းပို့ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ သဘာဝဘေး စီမံ ခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၃၀-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏ သီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာ၊ ညောင်ကုန်း SMU ခန်းမ၌ ကျေးရွာသူ/သား (၇၀) ဦးတို့အား ငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npt_aug2018









