ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

11 Pic 01

11 Pic 02

================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်

မအူပင်မြို့နယ်၊ အောက်ထုံးအုပ်စု၊ ကျေးရွာ ၄ ရွာ၌ (၇-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့်နေအိမ် (၃၂) လုံး၊ အိမ်ထောင်စု (၃၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၂၀၀၀၀၀ိ/-) ကိုလည်းကောင်း၊

အောက်ထုံးအုပ်စု၊ ကျေးရွာ ၂ ရွာ၌ (၈-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၇၀၀၀၀၀ိ/-) ကိုလည်းကောင်း၊

အောက်ထုံးအုပ်စု၊ ကျေးရွာ ၂ ရွာ၌ (၉-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၂၉) လုံး၊ အိမ်ထောင်စု (၂၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၉၀၀၀၀၀ိ/-) ကိုလည်းကောင်း၊

မအူပင်မြို့နယ်၊ အောက်ထုံးအုပ်စု၊ ကျေးရွာ ၃ ရွာ၌ (၁၅-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀၀၀၀ိ/-)၊ လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၅၈၈၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၅၈၈၀၀ိ/-) ကိုလည်းကောင်း၊

မအူပင်မြို့နယ်၊ အောက်ထုံးအုပ်စု၊ ကျေးရွာ ၅ ရွာ၌ (၁-၉-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၉) အိမ်ထောင်စာကိုလည်းကောင်း၊

မအူပင်မြို့နယ်၊ အောက်ထုံးအုပ်စု၊ ဘားမနီးကျေးရွာ၌ (၆-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ တစိတ်တပိုင်းပျက်စီးခဲ့သည့်နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးကိုလည်းကောင်း၊

(၁၀-၉-၂၀၁၈) ရက်နေ့၊ (၀၉း၅၀) နာရီအချိန်တွင် မအူပင်မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events