လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၁၀-၉-၂၀၁၈) ရက်နေ့ ၊ (၀၈း၃၀) နာရီအချိန် တွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၈/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား /သူ (၉၄) ဦးစုစုပေါင်း (၁၁၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို အာရှဒေသ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးဌာန ADPC မှ ကျွမ်းကျင်သူများက အားဖြည့်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၂) ရက်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတမြို့)
#ar
#ayy_sep2018