ရပ်ရွာအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

11 Pic 01

11 Pic 02

================================================
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် CERA အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ရပ်ရွာအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား (၁၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆပနဒီခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စုမှ ကျေးရွာအုပ်စုအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ခရိုင်ဦးစီးမှူး (ဘေးစီမံ)မှ ရပ်ရွာလူထုအခြေပြု သဘာဝဘေးစီမံခန့်ခွဲမှုသင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events