Category Archives: News
-
ကျောင်းတွင်းအခြေပြုအသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၉.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လေ့ကျင့်ရေး အလယ် တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီ အစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် ကျောင်းသား/သူများကို သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ် ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအကြောင်း သိကောင်းစရာများဟောပြောခြင်း၊ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများ ဟောပြောဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ဲကြပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးနှင့် … Read more
-
မိုးကြိုးဘေးကြောင့်သေဆုံးခဲ့ရသောပြည်သူ၏ ကျန်ရစ်သူမိသားစုအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ အဟူး ကျေးရွာအုပ်စု၊ ကြခတ်စုကျေးရွာ၌ (၁၆-၉-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် (ဘ) ဦးလှသောင်း၏သားဖြစ်သူ ဦးရွှေဝင်း၊ အသက် (၅၉) နှစ်သည် စပါးရိတ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သောကြောင့် အဆိုပါ သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ သေဆုံးသူ၏ဇနီးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_sep2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅.၉.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဟဲဟိုးမြို့၊ အ-ထ-က(၄)ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀၀)ဦး အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သဘာဝဘေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း နှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာများပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု မြစ်ကျိုးချောင်းကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးမှ အိမ်ထောင်စု (၁)စု လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၈၉၀၀) ကျပ်ကို (၂၄-၉-၂၀၁၈) ရက်နေ့တွင် … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ အထွေထွေအုပ်ခ ျုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တက် ရောက်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါသင် တန်းဖွင့်ပွဲအခမ်းအနား၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ (၂၀) ဦးနှင့် မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးနိုင်ခြေအများဆုံး … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
============================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စု၌ (၁၅-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၀၀၀)ကျပ်ကိုလည်းကောင်း၊ ပွတ်စုကျေးရွာအုပ်စု၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၂) လုံးအတွက် တန်းဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၂၀၀၀)ကျပ်ကိုလည်းကောင်း … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တာချီလိတ်မြို့တွင် မူးယစ်ပြန်လည်ထူထောင်ရေး စခန်းဖွင့်လှစ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
စက်တင်ဘာ ၂၄၊ တာချီလိတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာချီလိတ်မြို့၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး) အား ဖူးမျှော်ကြည်ညိုခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း အသစ်တည်ဆောက်ဖွင့်လှစ်မည့် လုပ်ငန်းများစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး)အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်း၊ နဝကမ္မအလှူငွေ ဆပ်ကပ်လှူဒါန်း ခြင်းနှင့် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ပန်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၉.၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် ရွာသူ ရွာသား (၁၀၀)ဦးတို့အား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ ဟားခါးမြို့နယ်၊ အိုင်ဘဲကျေးရွာ၌ ကျေးရွာနေပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #chn_Sep2018
-
ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၁) ကျောင်း၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ ရှောင် ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးဗီဒီယိုပြသခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်းသတင်းရ ရှိပါသည်။ … Read more









