
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၉.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လေ့ကျင့်ရေး အလယ် တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီ အစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် ကျောင်းသား/သူများကို သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ် ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအကြောင်း သိကောင်းစရာများဟောပြောခြင်း၊ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများ ဟောပြောဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ဲကြပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၀၀) ခန့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_simex_eqk
#ayy_sep2018
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)