============================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
============================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စု၌ (၁၅-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၀၀၀)ကျပ်ကိုလည်းကောင်း၊
ပွတ်စုကျေးရွာအုပ်စု၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၂) လုံးအတွက် တန်းဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၂၀၀၀)ကျပ်ကိုလည်းကောင်း
(၂၄-၉-၂၀၁၈) ရက်နေ့၊ (၁၁း၁၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။