လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅.၉.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဟဲဟိုးမြို့၊ အ-ထ-က(၄)ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀၀)ဦး အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သဘာဝဘေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း နှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာများပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)