လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၁) ကျောင်း၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ ရှောင် ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးဗီဒီယိုပြသခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်းသတင်းရ ရှိပါသည်။
Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar¬_eqk
#ar¬_fir
#ar¬_str
#chn_sep2018