လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ အဟူး ကျေးရွာအုပ်စု၊ ကြခတ်စုကျေးရွာ၌ (၁၆-၉-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် (ဘ) ဦးလှသောင်း၏သားဖြစ်သူ ဦးရွှေဝင်း၊ အသက် (၅၉) နှစ်သည် စပါးရိတ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သောကြောင့် အဆိုပါ သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ သေဆုံးသူ၏ဇနီးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#ayy_sep2018