Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘုရားနီကျေးရွာ၊ ခေနန်ကျေးရွာ၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာနှင့် အုတ်ရှစ်ကျေးရွာတို့တွင် (၂၀.၉.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၇)လုံး၊ အမိုးလန်နေအိမ် (၄)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၄)ပုံး (၇၄၀၄၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၇)ပုံး (၂၆၁၄၇၁)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀/-)ကျပ်၊ လူဦးရေ … Read more
-
၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ စက်တင်ဘာ ၂၈ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည်။ ဂုဏ်ပြုအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အေးကု န်းနှင့် ပက်ပြဲကျေးရွာ တို့၌ (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး/ထရံကာ) ပြိုကျပျက်စီးနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် လေဘေးကယ်ဆယ်ရေး အလှူပစ္စည်း Care myanmar family kit (၅) အိမ်ထောင်စာကို (၂၃-၉-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပြီး (၂၈-၉-၂၀၁၈) … Read more
-
သဘာဝဘေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများ သဘာဝဘေးအသိပညာများ ရရှိစေရန်ရည်ရွယ်၍ သရက်မြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့နှင့် အကျဉ်းဦးစီးဌာနလမ်းထောင့်တို့တွင် အသိပညာပေးမြေစိုက် ပိုစတာဆိုင်းဘုတ် (၂) ခုအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_Sep2018
-
အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၉) ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်မှု သတင်း
မန္တလေး၊ စက်တင်ဘာ ၂၈ အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသသည် သဘာဝဘေး အန္တရာယ်မျိုးစုံကိုကြုံတွေ့ခံစားနေရပြီး တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်များကြောင့် လူသေဆုံးမှု၏ (၅၀%) ကို အာဆီယံဒေသတွင်း၌ တွေ့ကြုံနေရပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသတွင်းစီးပွားရေးဆုံးရှုံးမှုမှာနှစ်စဉ် အမေရိကန်ဒေါ်လာ (၄.၄) … Read more
-
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင် ရည်မြင့်တင်ခြင်းသင်တန်း ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈)ရက်နေ့ နေ့လည် (၁၄း၃၀)နာရီမှ (၁၆း၃၀)နာရီထိ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့် တင်ခြင်းသင်တန်းအား သင်တန်းသူ၊ သင်တန်းသား (၁၉)ဦးဖြင့် ကျင်းပခဲ့ရာ အဆိုပါ သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများနှင့် ဘေးများအကြောင်း၊ ရာသီ ဥတုပြောင်းလဲမှုကြောင့် ဘေးဖြစ်ပွားမှုနှင့် ငလျင်လှုပ်ခတ်နိုင်မှုအခြေအနေများ အသိပညာပေးဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၅-၉-၂၀၁၈) ရက်နေ့မှ(၂၇-၉-၂၀၁၈) ရက်နေ့ထိကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းတွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၈) ရက်နေ့ ညနေ (၁၅း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_Sep2018
-
မီးဘေးအန္တရာယ် အသိပညာပေး ပိုစတာများ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ခရိုင်ပညာရေးမှူးရုံးနှင့် အမှတ် (၁၄) အခြေခံပညာမူလ တန်းကျောင်းကြား၌ (၂၈-၉-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ပြည်သူများသဘာဝဘေး အန္တရာ ယ်နှင့်ရင်ဆိုင်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့်အသိပညာ တိုးပွားစေရေးအတွက် မီးဘေး အန္တရာယ် အသိပညာပေး ပိုစတာများအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #krn_sep2018
-
မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့၊ မင်္ဂလာဈေးရှေ့ နှင့် မြို့ဦးဘုန်းတော်ကြီးကျောင်းထောင့်၌ (၂၈-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေး အမျိုးမျိုးနှင့်စပ် လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များအား ပြည်သူများသိရှိနိုင်ရန်အတွက် မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_sep2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးလာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၂၈.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး(UN Resident and Humanitarian Coordinator)ဖြစ်သူ Mr. Knut Ostby ကနေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်း နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းရှိ IDP စခန်းများပိတ်သိမ်းမှုများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှု သဟဇာတမျှတဖြစ်ထွန်းရေးနှင့် … Read more









