Category Archives: News
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၈
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ- မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ ပူရီ(Puri)မြို့၏ အရှေ့တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း (က) အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.၄) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၈)ဒီဂရီတွင်ရှိပြီး၊ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် (UNDP) တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ-ထ-က (၂) စာသင်ကျောင်းရှိ ဗိုလ်ကြွမ်ဘိခ့်ခန်းမ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၅၀၀) ကျော်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ငလျင်အသိပညာပေးပိုစတာ၊ ငလျင်အန္တရာယ်ပြမြေပုံ၊ ဇာတ်တိုက်လေ့ကျင့်မှုစာအုပ်များ၊ ငလျင်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များနှင့် အချက်ပေး Whistle (၅) ခု တို့အား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ- (က) ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော မြန်မာ့ကမ်းရိုး တန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ (ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ သတိပေးနှိုးဆော်ချက် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌ ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု(၁၀၀)ဦးဖြင့်လည်းကောင်း၊ (၁၃း၀၀)နာရီအချိန်၌ ပုသိမ်မြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာတွင် ပြည်သူလူထု (၇၀)ဦးဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်နှင့် ဗွီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီး လာရောက် တွေ့ဆုံမှုသတင်း
နေပြည်တော်၊ စက်တင်ဘာ၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် အိမ်ယာများ ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိဒုက္ခသည် စခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဒုက္ခသည်များအား ပြန်လည် နေရာချ ထားရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဆင်ပြေစေရေးဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထား ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဒုက္ခသည်များ၊ … Read more
-
သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကနောင်ခန်းမ၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_sep2018
-
ရသေ့တောင်မြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်၊ စည်ပင်သာယာလမ်း၌ (၁၂.၉.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) … Read more
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်အသင်း (CDA) နှင့် ပူးပေါင်း၍ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ဆိပ်မကျေးရွာ သာဓုမာတနိ ဘုန်းတော်ကြီးကျောင်းသင် အလယ်တန်းကျောင်း၌ ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာ၀ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်ဆောင်ရွက်ကာကွယ်တတ်ရန်အတွက် လက်တွေ့သရုပ်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆို ပါအခမ်းအနားတွင် ရွေးချယ်ထားသော ကျောင်းသား/သူများကို ဦးစွာအသိပညာပေးဟောပြောပွဲနှင့် ငလျင် ဇာတ်တိုက် လုပ်ဆောင်ရန်အတွက် ဆင့်ပွားသင်ကြားပေးခဲ့ပြီး မနက်ပိုင်း အစီအစဉ်ရပ်နားခဲ့ကာ နေ့လယ်ပိုင်းတွင် ၎င်းဆင့်ပွားသင်တန်းသားများနှင့် စေတနာ့ဝန်ထမ်းလူငယ်များမှ စာသင်ခန်းများအတွင်း တဆင့်ပြန်လည်သင်ကြားပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြို့နယ် ပညာရေးဦးစီးဌာနဌာန၊ … Read more
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်အသင်း (CDA) နှင့် ပူးပေါင်း၍ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ အရှေ့ဖျားကျေးရွာအုပ်စု၊ အရှေ့ဖျားအထက်တန်းကျောင်း၌ ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသား/သူ (၃၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်ဆောင်ရွက် ကာကွယ်တတ်ရန် အတွက် လက်တွေ့သရုပ်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးအား လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018









