သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

28 Pic 01 28 Pic 02 28 Pic 03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၅-၉-၂၀၁၈) ရက်နေ့မှ(၂၇-၉-၂၀၁၈) ရက်နေ့ထိကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းတွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၈) ရက်နေ့ ညနေ (၁၅း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#kcn_Sep2018

Sign Up

Upcoming Events