လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အေးကု န်းနှင့် ပက်ပြဲကျေးရွာ တို့၌ (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး/ထရံကာ) ပြိုကျပျက်စီးနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် လေဘေးကယ်ဆယ်ရေး အလှူပစ္စည်း Care myanmar family kit (၅) အိမ်ထောင်စာကို (၂၃-၉-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပြီး (၂၈-၉-၂၀၁၈) ရက်နေ့တွင် (ဓနိမိုး/ထရံကာ) ပြိုကျပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၉,၉၀၀/-) ကျပ်အား ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_sep2018