လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29_Pic_01 29_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘုရားနီကျေးရွာ၊ ခေနန်ကျေးရွာ၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာနှင့် အုတ်ရှစ်ကျေးရွာတို့တွင် (၂၀.၉.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၇)လုံး၊ အမိုးလန်နေအိမ် (၄)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၄)ပုံး (၇၄၀၄၀/-)ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၇)ပုံး (၂၆၁၄၇၁)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၉၆၆၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၄၃၂၁၁၁/-)ကျပ်တို့အား (၂၈.၉.၂၀၁၈)ရက်နေ့ (၁ရး၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_sep2018
Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events