နေပြည်တော်၊ ၂၈.၉.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး(UN Resident and Humanitarian Coordinator)ဖြစ်သူ Mr. Knut Ostby ကနေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်း နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းရှိ IDP စခန်းများပိတ်သိမ်းမှုများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှု သဟဇာတမျှတဖြစ်ထွန်းရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်မွေးဝမ်း ကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည် ဖေါ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရေးနှင့် ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရေး မဟာဗျူဟာလုပ်ငန်းစဉ်တွင် နီးကပ်စွာ ပူးပေါင်းပါဝင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018